Friday, November 25, 2016

ကျီးလိုအာရမလို

" ကျီးလိုအာရမလို"
~~~~~~~~~~~~~

"ဖဲဝိုင်း" ဖဲဝိုင်းဆိုလို့ ချိန်းဝိုင်းတော့ မဟုတ်။ ရွာထဲရှိ နာရေးတစ်ခု၏ ဖဲဝိုင်းတွင် ဖြစ်သည်။ နာရေး ဖဲဝိုင်း စကတည်းက တိုးကြီး တစ်ယောက် နာရေး အိမ်သို့ ရောက်နေချင်း ဖြစ်သည်။ ဖဲကစား ဝါသနာ ထုံလွန်းတော့ နာရေးအိမ်ကပင် မပြန်။ ညဘက် ဝိုင်းထိုင်လိုက်။  မိုးလင်း နာရေးအိမ်ကူလိုက်နှင့် အိမ်ပင်မပြန်။ အိမ်က မိန်းမနှင့် သားသမီးတောင် သတိမရ။ မပြန်ဆို ဖဲကလည်းကောင်း၊ နာရေးရှင်ကလည်း ညဘက်ဝိုင်း လူစည်အောင် ဧည့်ခံ အရက်၊ ကွမ်း၊ ဆေးကလေးနှင့်ဆိုတော့ တိုးကြီးတို့ အဆင်ပြေနေသည်။
နောက်နေ့ဆို နာရေးက ရက်လည်တော့မည်။ နာရေးရှိတုန်း ဖဲက ရိုက်ရတာ။ လောင်းကစားလုပ်တာ လူကြီးက မကြိုက်။ တခါတလေ မိသားစုတွေ အပျော်တောင် ဆော့လို့မရ။ ဒီနေ့ည တော့ ဝိုင်းကို စောစော စရမည်။ တစ်ဝိုင်းလုံးက ရှိသမျှ ပိုက်ဆံ သိမ်းမည်ဟု တိုးကြီး တစ်ယောက် တွေးထားသည်။
ညနေ ဝိုင်းစလို့မှ မကြာသေး တိုးကြီးနှင့် အိမ်းနီးချင်း ဖြစ်သူ ငထွန်း ရောက်လာပြီး တိုးကြီးအနား ကပ်ကာ " တိုးကြီး မင်းမိန်းမက ဒီညတော့ အိမ်ပြန်လာဦးတဲ့၊ မလာရင် ငတ်တော့မယ်တဲ့"
"အာ ဒီမိန်းမကလည်း တခါတလေ ငတ်တာတောင် မခံနိုင်ဘူး၊ ဒီမှာ ယောက်ျားလုပ်သူ နေ့မအိပ်၊ ညမအိပ် ပိုက်ဆံ ရှာနေတာ မသိဘူး၊ မင်းပြန်ရင် ငါ့စီက ပိုက်ဆံ ယူသွား၊ ငါ့မိန်းမ ပေးလိုက်ကွာ"
"အေးလေကွာ တိုးကြီး မင်းကလည်း ဖဲများ ရိုက်နေရရင် အိမ်က မိန်းမ ကျီးထိုးထိုး၊ လဒထိုးထိုး ပစ်ထားတော့တာကိုး"
ဝိုင်းထဲတွင် ဖဲအတူ ကစားနေသော ကျော်မြင့်မှ ထပြောလိုက်လေရာ

အိမ်နီးချင်း ငထွန်းမှ " ကျော်မြင့်ရာ မင်းပြောမှပဲ ငါတို့က ကျီးလို အာပြရမလို ဖြစ်နေပြီ"

ငထွန်း စကားလည်းဆုံးရော တိုးကြီး တစ်ယောက် မပြောမဆို ဖဲဝိုင်းမှ ထကာ အိမ်သို ပြန်ပြေးတာများတန်းလို့။

                           ခိုင်လေး(မန်းသား)

No comments:

Post a Comment