သူ့ကြောင့်
သူ့ကြောင့် ကိုယ်ငိုရဖူးသည်
သူ မချစ်၍မဟုတ်
သူ ချစ်လွန်း၍သာ …
သူ့ကြောင့် ကိုယ်ကြည်နူးဖူးသည်
သူ ဖန်တီး၍မဟုတ်
သူ ဖစ်နေ၍သာ …
သူ့ကြောင့် ကိုယ်ဝမ်းနည်းရဖူးသည်
သူ နားမလည်၍မဟုတ်
သူ ခွင့်လွှတ်တတ်၍သာ …
သူ့ကြောင့် ကိုယ်ပျော်ရွှင်ဖူးသည်
သူ ပြည့်စုံ၍မဟုတ်
သူ ဖြည့်ဆည်းပေးနိုင်၍သာ …
သူ့ကြောင့်
ကိုယ်ဆုံးဖြတ်ချက်ချခဲ့သည်
ကိုယ်သည် သူ့အတွက်မျှသာ …
(ကိုယ်ဆိုးသမျှ သည်းခံပေးလို့ ကျေးဇူးပါ )
တံ(ုန်)တုံ(န်)
No comments:
Post a Comment