Saturday, February 24, 2018

ဘာရယ်​မဟုတ်

ဘာရယ်​မဟုတ်
အ​တွေး​တွေကို လွှတ်​ထားဘူးတယ်​။
ဘာရယ်​မဟုတ်
ဘ၀ကိုလည်း ​ရေဆုန်​​မျောခဲ့ဘူးတယ်​။
ဘာရယ်​မဟုတ်
ဘ၀ကို ​ရေဆန်​ပြန်​တက်​ခဲ့ပြန်​တယ်​။
ဘာရယ်​မဟုတ်
အစအဆုံး မရှိတဲ့လမ်းဆိုပြီး
မျက်​စိမိတ်​ကာ ​လျှောက်​ခဲ့ဘူးတယ်​။
ဘာရယ်​မဟုတ်
အမှား​တွေကို အမှန်​လို့လက်​ခံခဲ့တယ်​။
အမှန်​တရားက ငါ့ကိုမျက်​မုန်းကျိုးခဲ့တယ်​။
ဘာရယ်​မဟုတ်
အချစ်​ကို ကိုးကွယ်​ဘူးတယ်​။
အချစ်​က စွန်​လွှတ်​သွားမှ နိုးထမိတယ်​။

No comments:

Post a Comment